Thursday, December 20, 2007
အလွမ်းငွေ့ပေးတဲ့ ချစ်သူ့ရိပ်
မင်းလက်လေးတွေ
အေးနေလား၊ နွေးနေလားဟင် ?
ဖိနမ်းခွင့်မရှိတဲ့ နှူတ်ခမ်းပါးတစုံရယ် …..
မင်းနှူတ်ခမ်းလေးတွေ
ချိုနေလား၊ မွှေးနေလားဟင် ?
တန်ပြန်စိုက်မကြည့်ရဲတဲ့ မျက်ဝန်းညိုရယ် ….
မင်းမျက်ဝန်းလေးက
ကြင်နာနေတာလား၊ နာကျင်နေတာလားဟင် ?
ပိုင်ဆိုင်ခွင့်မရှိတဲ့ နှလုံးသားတခုရယ် …
ဝေးသွားမှာလား ?
နီးလာမှာလား ?
မသေချာတဲ့ နေ့ရက်တွေထဲမှာ
မင်းကို ငါ
မြင်နေရက်နဲ့
လွမ်းနေရတယ် ..ကောင်လေးရယ် ။ ။ ။
Tuesday, October 30, 2007
ငါ့ ည
လပျောက်နေတဲ့ “ည”
မှောင်မိုက်နေတဲ့ “ည”
တိတ်ဆိတ်လွန်းတဲ့ “ည”
ခြောက်သွေ့နေတဲ့ “ည”
မလှမပ “ည” တညပါ …။
ခံစားချက်အပြည့်
ဒဏ်ရာအနာတရများစွာနဲ့
လူတွေအတွက်တော့
ကြေကွဲဖွယ်ကောင်းလွန်းလှတဲ့ “ည” ပေါ့ …။
လမရှိတဲ့ “ည” နဲ့
လရှိတဲ့ “ည”
“ဘယ် ညက ပိုလှသလဲ ..
ဘယ် ညက ပိုအဓိပါယ်ရှိသလဲ…” တဲ့ …။
လရှိတဲ့ “ည”က ပိုလှတယ်
လရှိမှ “ည” ရဲ့ အဓိပါယ်က ပြည့်စုံသတဲ့လား …။
“ည” မှာ လမရှိလည်း
“ည” က “ည” ပါပဲ
လမရှိတဲ့ “ည”ကမှ “ည”နဲ့ပိုတူသလို၊
လမရှိတဲ့ “ည”ကမှ ဘ၀ဆန်တဲ့“ည”
ငါ့ရဲ့ “ည” ….။
Tuesday, October 16, 2007
နေရာ
အတိတ်ကိုလည်း မတူးဆွဘူး
ငါက ...
လက်ရှိအနေအထားလေးမှာ
နင့်ကြောင့် ...
နေပျော်တတ်လာခဲ့တာ ။။
နင့်ကိုချစ်တဲ့စိတ်တွေနဲ့
ငါ့ကိုငါတောင် မမှတ်မိလေတော့
ငါ့ရင်ခွင်ကြားက နင့်ပုံရိပ်တွေက
ငါ့ကိုယ်ပွားတွေလို ဖြစ်နေခဲ့ပြီ ။။
အဆုံးသတ်မယ့် ကဗျာတပုဒ်ပါ
စာလုံးပေါင်းတွေ မှားနိုင်ပေမယ့်
ခံစားချက်ကတော့ သတ်ပုံအမှန်ပါပဲ ။။
ဝါကျတွေမှာ သဒ္ဒါမှားရင်မှားမယ်
ရင်ခုန်သံကတော့ အထားအသိုမလွဲဘူး ။။
ရိုးသားမှူတွေနဲ့ လုံလုံခြုံခြုံ
ဝတ်ရုံပေးထားတယ်၊
အယူခံဝင်တယ်ပဲဆိုဆို
ဖြောင့်ချက်ပေးတယ်ပဲ ပြောပြော
အဲဒီမှာ ...
နင်မရှိတဲ့ နေ့ရက်တွေရော
နင်ရှိခဲ့တဲ့ နေ့ရက်တွေရော
အစီအစဉ်တကျရှိနေတာကို မင်းတွေ့လိမ့်မယ် ။။။။။
Thursday, September 20, 2007
ကာရံမဲ့အလွမ်း
ချစ်လည်း ချစ်တတ်ခဲ့ဘူးပါတယ် ။
ဆုံးလည်း ဆုံးရှူံးခဲ့ဖူးတယ် ။
အသည်းလည်း ကွဲခဲ့ဖူးပါတယ် ။
ကံကောင်းခြင်း မရှိတတ်တဲ့
ချစ်ခြင်းတခုအတွက်
ဒဏ်ရာအနာတရတွေကို မေ့ပြစ်လိုက်ဖို့ ကြိုးစားရင်း ---
ကိုယ့်နှလုံးသားကို ကိုယ်တိုင် ယုံကြည်ချက် ကင်းမဲ့လာရင်း ---
မမျှော်လင့်ပဲ ချစ်ခြင်းလက်ဆောင်တခု
မောင့်ဆီက ကျမ ထပ်မံရရှိခဲ့တယ်။
အိပ်မက်လေလား
တကယ်ပဲလား ” လို့
တရေးနိုးတဲ့ညတိုင်း ဝေခွဲရခက်ဆဲပါပဲ မောင်။
တညနေစာ နွေးထွေးမှူတခုကို
ကျမ ဘာလို့တမ်းတတတ်ခဲ့တာလဲ --။
တမနက်စာ ဂရုစိုက်မှူတခုကိုရော
ကျမ ဘာလို့ဒီလောက်လွမ်းတတ်နေရတာလဲ --။
မောင်ထားခဲ့တဲ့
အကွာအဝေးတခုစာ အလွမ်းတွေနဲ့
ကျမ ရင်မမောချင်တော့ဘူး မောင်ရယ် … ။
ပြန်လာပါတော့ကွာ
ကျမအနားမှာ မောင်မရှိရင်
အတောက်ပဆုံးကြယ်စင်လည်း မထွန်းလင်းနိုင်ဘူး ။
အမွှေးပျံ့ဆုံးပန်းလေးတွေလည်း မလန်းဆန်းနိုင်ဘူး ။
အချိုသာဆုံး တေးသံတချို့လည်း မပျံ့လွင့်နိုင်ပါဘူး ။
ပြန်လာပါတော့နော်
ကျမဘေးမှာ မောင်ရှိနေတယ် ဆိုတဲ့ အိပ်မက်တွေ
မောင့်ရင်ခွင်မှာ ရှိနေခွင့်ပေးတဲ့ အိပ်မက်တွေ
မောင့်လက်ကို မြဲမြဲဆုပ်ကိုင်ထားခွင့်ရတဲ့ အိပ်မက်တွေ
ကျမ ဆက်မမက်ချင်တော့လောက်အောင်
မောင့် ကို ကျမ လိုအပ်နေလို့ပါ။
Thursday, August 9, 2007
ဘ၀ ရဲ့နိယာမ
စလုံး ရေ စ
ဘ၀ဆိုတာ သူ စ ချင်တဲ့အချိန် စခဲ့
ဒါပေမယ့်
အဓိပါယ်မဲ့တော့မဟုတ်ဘူး။
ဘ၀ရဲ့ဇတ်ခုံ
ကပြချင်တဲ့ဇတ်ညွှန်းလဲ က
မကပြချင်တဲ့ဇတ်ညွှန်းလဲ က
လူ့သဘော မနော တွေကတော့
ကြိုတင်ဖတ်ခွင့်မရှိတဲ့ ဇတ်ညွှန်းတွေပေါ့။
ကိုယ်တိုင် ကျေနပ်ခဲ့သလား
ခံစားခဲ့ရတဲ့ အချစ် အလွမ်းတွေ အတွက် …
ခါးသီးနေခဲ့သေးလား ကြုံလာခဲ့ရတဲ့အမုန်းတရားတွေအတွက် …
သေချာမသိနိုင်တဲ့ အနာဂတ် ဆိုတဲ့
မနက်ဖြန်များစွာရဲ့ သံသရာထဲမှာ
မရှိမဖြစ် အရာများစွာအတွက်
ကြိုးစားရုန်းကန်ရင်း
နစ်မျောမှန်းမသိ နစ်မျောနေခဲ့မိတယ်။
ဒီလောက်ရှူပ်ထွေးလွန်းတဲ့ လူ့လောကထဲမှာ
နိုင်တစ်ခါ၊ ရှူံးတလှည့်
ရှိတစ်ခါ၊ မရှိတလှည့်
ချစ်တစ်ခါ၊ မုန်းတလှည့်
ဒီလိုနဲ့ ငါ ခံစားခဲ့ရသမျှ အရာတွေဟာ
သေချာမှူတစ်ခုတစ်လေတောင် မပေးစွမ်းနိုင်ခဲ့ဘူး။
ဒါဆို
ဘ၀ ရဲ့နိယာမဆိုတာ ဘာလဲ….။
သေချာမှူဆိုတာကို ဘယ်မှာ ရှာတွေ့နိုင်မလဲ …။
ဟာ… မေးခွန်းတွေများစွာနဲ့
ကိုယ့်ကိုယ်ကို သုံးသပ်မိတယ်။
ငါ … ဘာတွေပြင်ဆင်ပြီးပြီလဲ
မသေချာတဲ့ မနက်ဖြန်အတွက်
ကြိုတင်မသိနိုင်တဲ့ နောက်ထပ် တစ်နာရီအတွက်
မှန်းလို့မရတဲ့ မိနစ် စကန့်လေးတွေအတွက်။
ဘ၀ကို နိဂုံးချုပ်စေမယ့်
သေခြင်းတရားဆိုတာ
အခါမနှောင်းသေးပေမယ့်လည်း
ရောက်လာတတ်တဲ့ သဘောရှိတယ်လေ။
Tuesday, June 12, 2007
မျှော်လင့်ခွင့်
- သူချစ်ခဲ့တယ်ဆိုတာ ..
စိတ်ပျော်ရွှင်စရာကောင်းပါတယ်။
ဒါပေမယ့် ...
သူချစ်နေတယ်ဆိုတာပဲ ငါလိုချင်တယ်။
- သူလွမ်းခဲ့တယ်ဆိုတာ ..
စိတ်ကျေနပ်စရာကောင်းပါတယ်။
ဒါပေမယ့် ...
သူလွမ်းနေတယ်ဆိုတာပဲ ငါလိုချင်တယ်။
- ငါ့ကို ချန်မထားရစ်ခဲ့ပါနဲ. ချစ်သူ
(တနည်းအားဖြင့်..)
ငါ့ကို ကလဲ့စားမချေပါနဲ.။
- တချိန်က
မင်းပူဆွေးခဲ့ရသလို ငါကိုယ်တိုင်လည်း ပျော်ရွှင်ခဲ့ရသူမဟုတ်ပါဘူး။
မင်းအလွမ်းတွေနဲ. ငါဟာ ကျိန်စာသင့်ခဲ့ရသူပါ။
- ငါတို.နှစ်ယောက် ရင်ထဲ
အချစ်တွေ မပျက်သှဉ်းသေးဘူးဆိုရင် ..
တနေ.နေ.မှာ တမိနစ်လေးလောက်ပဲဖြစ်ဖြစ်
မင်းရင်ခွင်မှာ နေခွင့်လေးလောက်တော့
ငါ့ကို မျှော်လင့်ခွင့်ပေးပါ ....
Sunday, June 3, 2007
အချစ်စစ်ဆိုတာ
တစုံတယောက်နဲ့ ဆုံစည်းရမယ်ဆိုရင်
အဲဒီသူဟာ မင်းပဲဖြစ်ချင်တယ်။
တချိန်ချိန်မှာ ----
တစုံတယောက်နဲ့ ချစ်ခွင့်ရမယ်ဆိုရင်
အဲဒီသူဟာ မင်းပဲဖြစ်ချင်တယ်။
တချိန်ချိန်မှာ ----
တစုံတယောက်ကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင်
အဲဒီသူဟာလည်း မင်းပဲဖြစ်ချင်တယ်။
တချိန်ချိန်မှာ ----
တစုံတယောက်နဲ့ ဝေးကွာရမယ်ဆိုရင်တော့
နှစ်ခါပြန် သေချင်သေပါစေ
အဲဒီသူဟာ ဘယ်တော့မှ မင်းမဖြစ်စေရဘူး။
ဒါပေမယ့် ----
သူငယ်ချင်းတယောက်ကပြောတယ်
“အချစ်စစ်ဆိုတာ
ပိုင်ဆိုင်ရခြင်းနဲ့လည်း မဆိုင်ဘူး
သူရှိနေတယ် ဆိုတဲ့ အသိလေးနဲ့
ပြီးပြည့်စုံတဲ့ ခံစားချက်လေးပါပဲ” တဲ့ ။
ဒါကြောင့် ----
စွန့်လွှတ်ရခြင်းကို ငါမနှစ်သက်လည်း
ငါ့နှလုံးသားထဲမှာ မင်းရှိနေရုံနဲ့တင်
သိမ်မွေ့ ပြီးပြည့်စုံတဲ့ခံစားချက်လေးတခုနဲ့
ငါ လွမ်းတတ်အောင် ကြိုးစားတော့မယ်။