Sunday, June 3, 2007

အချစ်စစ်ဆိုတာ

တချိန်ချိန်မှာ ----
တစုံတယောက်နဲ့ ဆုံစည်းရမယ်ဆိုရင်
အဲဒီသူဟာ မင်းပဲဖြစ်ချင်တယ်။

တချိန်ချိန်မှာ ----
တစုံတယောက်နဲ့ ချစ်ခွင့်ရမယ်ဆိုရင်
အဲဒီသူဟာ မင်းပဲဖြစ်ချင်တယ်။

တချိန်ချိန်မှာ ----
တစုံတယောက်ကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင်
အဲဒီသူဟာလည်း မင်းပဲဖြစ်ချင်တယ်။

တချိန်ချိန်မှာ ----
တစုံတယောက်နဲ့ ဝေးကွာရမယ်ဆိုရင်တော့
နှစ်ခါပြန် သေချင်သေပါစေ
အဲဒီသူဟာ ဘယ်တော့မှ မင်းမဖြစ်စေရဘူး။

ဒါပေမယ့် ----
သူငယ်ချင်းတယောက်ကပြောတယ်
“အချစ်စစ်ဆိုတာ
ပိုင်ဆိုင်ရခြင်းနဲ့လည်း မဆိုင်ဘူး
သူရှိနေတယ် ဆိုတဲ့ အသိလေးနဲ့
ပြီးပြည့်စုံတဲ့ ခံစားချက်လေးပါပဲ” တဲ့ ။

ဒါကြောင့် ----
စွန့်လွှတ်ရခြင်းကို ငါမနှစ်သက်လည်း
ငါ့နှလုံးသားထဲမှာ မင်းရှိနေရုံနဲ့တင်
သိမ်မွေ့ ပြီးပြည့်စုံတဲ့ခံစားချက်လေးတခုနဲ့
ငါ လွမ်းတတ်အောင် ကြိုးစားတော့မယ်။

No comments: