Tuesday, June 12, 2007

မျှော်လင့်ခွင့်

  • သူချစ်ခဲ့တယ်ဆိုတာ ..
    စိတ်ပျော်ရွှင်စရာကောင်းပါတယ်။
    ဒါပေမယ့် ...
    သူချစ်နေတယ်ဆိုတာပဲ ငါလိုချင်တယ်။

  • သူလွမ်းခဲ့တယ်ဆိုတာ ..
    စိတ်ကျေနပ်စရာကောင်းပါတယ်။
    ဒါပေမယ့် ...
    သူလွမ်းနေတယ်ဆိုတာပဲ ငါလိုချင်တယ်။

  • ငါ့ကို ချန်မထားရစ်ခဲ့ပါနဲ. ချစ်သူ
    (တနည်းအားဖြင့်..)
    ငါ့ကို ကလဲ့စားမချေပါနဲ.။

  • တချိန်က
    မင်းပူဆွေးခဲ့ရသလို ငါကိုယ်တိုင်လည်း ပျော်ရွှင်ခဲ့ရသူမဟုတ်ပါဘူး။
    မင်းအလွမ်းတွေနဲ. ငါဟာ ကျိန်စာသင့်ခဲ့ရသူပါ။

  • ငါတို.နှစ်ယောက် ရင်ထဲ
    အချစ်တွေ မပျက်သှဉ်းသေးဘူးဆိုရင် ..
    တနေ.နေ.မှာ တမိနစ်လေးလောက်ပဲဖြစ်ဖြစ်
    မင်းရင်ခွင်မှာ နေခွင့်လေးလောက်တော့
    ငါ့ကို မျှော်လင့်ခွင့်ပေးပါ ....

Sunday, June 3, 2007

အချစ်စစ်ဆိုတာ

တချိန်ချိန်မှာ ----
တစုံတယောက်နဲ့ ဆုံစည်းရမယ်ဆိုရင်
အဲဒီသူဟာ မင်းပဲဖြစ်ချင်တယ်။

တချိန်ချိန်မှာ ----
တစုံတယောက်နဲ့ ချစ်ခွင့်ရမယ်ဆိုရင်
အဲဒီသူဟာ မင်းပဲဖြစ်ချင်တယ်။

တချိန်ချိန်မှာ ----
တစုံတယောက်ကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင်
အဲဒီသူဟာလည်း မင်းပဲဖြစ်ချင်တယ်။

တချိန်ချိန်မှာ ----
တစုံတယောက်နဲ့ ဝေးကွာရမယ်ဆိုရင်တော့
နှစ်ခါပြန် သေချင်သေပါစေ
အဲဒီသူဟာ ဘယ်တော့မှ မင်းမဖြစ်စေရဘူး။

ဒါပေမယ့် ----
သူငယ်ချင်းတယောက်ကပြောတယ်
“အချစ်စစ်ဆိုတာ
ပိုင်ဆိုင်ရခြင်းနဲ့လည်း မဆိုင်ဘူး
သူရှိနေတယ် ဆိုတဲ့ အသိလေးနဲ့
ပြီးပြည့်စုံတဲ့ ခံစားချက်လေးပါပဲ” တဲ့ ။

ဒါကြောင့် ----
စွန့်လွှတ်ရခြင်းကို ငါမနှစ်သက်လည်း
ငါ့နှလုံးသားထဲမှာ မင်းရှိနေရုံနဲ့တင်
သိမ်မွေ့ ပြီးပြည့်စုံတဲ့ခံစားချက်လေးတခုနဲ့
ငါ လွမ်းတတ်အောင် ကြိုးစားတော့မယ်။