Thursday, December 14, 2006

ဆုတောင်း

ငါ့ သံယောဇဉ် အမျှင်ဖြတ်မှ
မင်းနဲ.ငါ ဆုံတွေ.ခွင့်ရမှာလား ?

ငါ့ ရင်ထဲက အချစ်ကို သတ်မှ
မင်းနဲ. ငါ့ခင်မင်မှူ ရှေ.ဆက်တိုးလို.ရမှာလား ?

ဒါဆိုရင်တော့
ငါဟာ ....
ကြယ်ကြွေချိန် ဆုတောင်းပြည့်ဖို.
ကြယ်ကြွေဖို. ဆုတောင်းရသူလို ဖြစ်နေလိမ့်မယ် ။

Friday, October 13, 2006

လောက၌ ငါသည် ...

  • လောက၌ ငါသည် ...
    မုန်းခြင်းအားဖြင့်လည်း လူတစ်ယောက်အား၊
    ခိုက်ရန်ဒေါသမပွားလို။

  • ချစ်ခြင်းအားဖြင့်လည်း လူတစ်ယောက်အား၊
    ချည်နှောင်မထားလို။

  • ၀န်တိုခြင်းအားဖြင့်လည်း
    ရင်တွင်း မောဟမထားလို။

  • လွမ်းဆွတ်ခြင်းအားဖြင့်လည်း
    ပူဆွေး ၀မ်းနည်းခြင်းမဖြစ်လို။

  • တမ်းတခြင်းအားဖြင့်လည်း
    ရင်တွင်း သောကမရောက်လို။

  • အို .. ဘုရားသခင်
    လောက၌ ငါသည် ...
    ချစ်ခြင်း၊ မုန်းခြင်း အလျဉ်းကင်းသောသူ ဖြစ်ရပါလို၏ ။

Thursday, October 12, 2006

ကွာခြားချက်

သူဟာ ကျမရဲ. ကောင်းကင်ပြာပါ
ဒါပေမယ့် ကျမကတော့ သူ.အတွက် တိမ်လွှာအစိတ်အပိုင်းတခုတောင် မဖြစ်ခဲ့ဘူး။

သူဟာ ကျမရဲ. လက်ရှိနဲ.အနာဂတ်ဘ၀တစ်ခုပါ
ဒါပေမယ့် ကျမကတော့ သူ.ရဲ. အတိတ်မှာတောင်မရှိခဲ့ဘူး။

သူဟာ ကျမရဲ. မရှိမဖြစ်သူတစ်ဦးပါ
ဒါပေမယ့် ကျမကတော့ သူ လိုချင်တဲ့ အရာတစ်ခုမဟုတ်ခဲ့ဘူး။

သူဟာ ကျမရဲ.စိတ်အစဉ်ကို လွှမ်းမိုးနိုင်သူတစ်ဦးပါ
ဒါပေမယ့် ကျမကတော့ သူ.ရဲ.နှလုံးသား တစ်ထောင့်တစ်နေရာမှာတောင် မရှိခဲ့ဘူး။

သူ.ကို ကျမ သိပ်ချစ်တဲ့အကြောင်းပြောပြချင်တယ်
ဒါပေမယ့်

သူက ကျမကို မုန်းဖို.တောင် သတိမရခဲ့ဘူး" တဲ့။

အနာဂတ်လမ်း

သြော် ... ငါ့ဘဝ
အိပ်မက်တွေကနေ အခါခါလန်.နိုးခဲ့ရတယ်။

ကံကောင်းခြင်းတွေ အစပျိုးပေး
နောက်ကျတော့လည်း ဒုံရင်းဘ၀နဲ.
ဒီလမ်းတွေပဲ ငါ အခါခါ လှမ်းလျှောက်ခဲ့ရတယ်။

ယုံကြည်ချက်တွေ တည်ဆောက်
အားမာန်သစ်တွေ ဖြည့်တင်းရင်း ဆက်လျှောက်
နောက်ပြန်လှည့်ကြည့်တော့
သြော် ... ငါလျှောက်ခဲ့တဲ့ ဘ၀အရှည်ကြီးက
ဘာမှ မထူးခြားသေးပါလား။

ငါ.. ကိုယ်တိုင်က ညံ့နေတာလား?
ကံဆိုတာကပဲ ဆိုးလွန်းနေတာလား?
ဒါမှမဟုတ် .. ဘ၀ဆိုတာကပဲ ငါ့ကို အခါခါ စနောက်နေတာလား?

" အချိန်တွေ အများကြီးကျန်ပါသေးတယ်
ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တာပဲ" လို.
အားသစ်တွေပြန်လည်တည်ဆောက်ပြီး ရှေ.ဆက်လျှောက်
ငါ ..

ဘ၀ကို နောက်ပြန်လှည့်မကြည့်ချင်တော့ဘူး။