Thursday, October 12, 2006

အနာဂတ်လမ်း

သြော် ... ငါ့ဘဝ
အိပ်မက်တွေကနေ အခါခါလန်.နိုးခဲ့ရတယ်။

ကံကောင်းခြင်းတွေ အစပျိုးပေး
နောက်ကျတော့လည်း ဒုံရင်းဘ၀နဲ.
ဒီလမ်းတွေပဲ ငါ အခါခါ လှမ်းလျှောက်ခဲ့ရတယ်။

ယုံကြည်ချက်တွေ တည်ဆောက်
အားမာန်သစ်တွေ ဖြည့်တင်းရင်း ဆက်လျှောက်
နောက်ပြန်လှည့်ကြည့်တော့
သြော် ... ငါလျှောက်ခဲ့တဲ့ ဘ၀အရှည်ကြီးက
ဘာမှ မထူးခြားသေးပါလား။

ငါ.. ကိုယ်တိုင်က ညံ့နေတာလား?
ကံဆိုတာကပဲ ဆိုးလွန်းနေတာလား?
ဒါမှမဟုတ် .. ဘ၀ဆိုတာကပဲ ငါ့ကို အခါခါ စနောက်နေတာလား?

" အချိန်တွေ အများကြီးကျန်ပါသေးတယ်
ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တာပဲ" လို.
အားသစ်တွေပြန်လည်တည်ဆောက်ပြီး ရှေ.ဆက်လျှောက်
ငါ ..

ဘ၀ကို နောက်ပြန်လှည့်မကြည့်ချင်တော့ဘူး။

No comments: