Thursday, September 20, 2007

ကာရံမဲ့အလွမ်း

တကယ်ဆို
ချစ်လည်း ချစ်တတ်ခဲ့ဘူးပါတယ် ။
ဆုံးလည်း ဆုံးရှူံးခဲ့ဖူးတယ် ။
အသည်းလည်း ကွဲခဲ့ဖူးပါတယ် ။

ကံကောင်းခြင်း မရှိတတ်တဲ့
ချစ်ခြင်းတခုအတွက်
ဒဏ်ရာအနာတရတွေကို မေ့ပြစ်လိုက်ဖို့ ကြိုးစားရင်း ---
ကိုယ့်နှလုံးသားကို ကိုယ်တိုင် ယုံကြည်ချက် ကင်းမဲ့လာရင်း ---
မမျှော်လင့်ပဲ ချစ်ခြင်းလက်ဆောင်တခု
မောင့်ဆီက ကျမ ထပ်မံရရှိခဲ့တယ်။

အိပ်မက်လေလား
တကယ်ပဲလား ” လို့
တရေးနိုးတဲ့ညတိုင်း ဝေခွဲရခက်ဆဲပါပဲ မောင်။

တညနေစာ နွေးထွေးမှူတခုကို
ကျမ ဘာလို့တမ်းတတတ်ခဲ့တာလဲ --။
တမနက်စာ ဂရုစိုက်မှူတခုကိုရော
ကျမ ဘာလို့ဒီလောက်လွမ်းတတ်နေရတာလဲ --။

မောင်ထားခဲ့တဲ့
အကွာအဝေးတခုစာ အလွမ်းတွေနဲ့
ကျမ ရင်မမောချင်တော့ဘူး မောင်ရယ် … ။

ပြန်လာပါတော့ကွာ
ကျမအနားမှာ မောင်မရှိရင်
အတောက်ပဆုံးကြယ်စင်လည်း မထွန်းလင်းနိုင်ဘူး ။
အမွှေးပျံ့ဆုံးပန်းလေးတွေလည်း မလန်းဆန်းနိုင်ဘူး ။
အချိုသာဆုံး တေးသံတချို့လည်း မပျံ့လွင့်နိုင်ပါဘူး ။

ပြန်လာပါတော့နော်
ကျမဘေးမှာ မောင်ရှိနေတယ် ဆိုတဲ့ အိပ်မက်တွေ
မောင့်ရင်ခွင်မှာ ရှိနေခွင့်ပေးတဲ့ အိပ်မက်တွေ
မောင့်လက်ကို မြဲမြဲဆုပ်ကိုင်ထားခွင့်ရတဲ့ အိပ်မက်တွေ
ကျမ ဆက်မမက်ချင်တော့လောက်အောင်
မောင့် ကို ကျမ လိုအပ်နေလို့ပါ။